Home

Car Rental

Ko Kyaw Naing Car Rental

“KYAW PANDA Engineering Co.,Ltd” ကို 2016 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဝန်ဆောင်မှုလုပ်ငန်းအသစ်အနေဖြင့် “ကိုကျော်နိုင် ကားအငှါး” လုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်မြို့မှ မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်လိုသောခရီးစဉ်မျိုးစုံအတွက် ကားအငှါးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်

ခရီးစဉ် အမျိုးမျိုးအတွက် KIA Carnival(၈ ယောက်စီး)၊ HiAce (အံစာတုံး - ၁၄ ယောက်စီး၊ ၁၅ ယောက်စီး) ၊ Saloon (၄ ယောက်စီး၊ ၅ ယောက်စီး) ကားများဖြင့် ဝန်ဆောင်မှု ပေးနေပါသည်။

ရန်ကုန်မြို့တွင်း အလှူ၊ မင်္ဂလာဆောင်နှင့် အခမ်းအနားမျိုးစုံ တက်ရောက်ရန်အတွက် အိမ်တိုင်ရာရောက် ကြိုပို့ဝန်ဆောင် မှုပေးရန် ခန့်ညားသပ်ရပ်သော Model မြင့်ကားများ စီစဉ်ပေးပါသည်။

မိမိတို့အားလပ်ရက်များကို သက်တောင့်သက်သာ၊ ပျော်ရွှင် စွာဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်အတွက် မြန်မာပြည်တစ်ခွင် လည်ပတ်စရာနေရာမျိုးစုံသို့ အမှတ်တရခရီးစဉ်များ စီစဉ်ပေးပါသည်။

လိုက်ပါစီးနင်းသော ခရီးသည်များ၏ စိတ်ချလုံခြုံရမှုအတွက် အတွေ့အကြုံရင့်ကျက်သော ခရီးသွားလုပ်ငန်းကျွမ်းကျင် ယဉ်မောင်းများဖြင့်သာ ဝန်ဆောင်မှုပေးပါသည်။

ကားများကို ကြံ့ခိုင်မှုရှိစေရန် အမြဲစစ်ဆေး၍ လိုအပ်ချက် မရှိရလေအောင် အစဉ်ထိန်းသိမ်းထားပြီး အလုံးစုံအာမခံ လည်းထားရှိပါသည်။

ခရီးသွားမိတ်ဆွေများအနေဖြင့် ကားသီးသန့်ငှားရမ်းခြင်း သော်လည်းကောင်း၊ ကားဆရာ၊ ဆီနှင့် လမ်း၊တံတားကြေး အပြီးအစီး ငှားရမ်းခြင်းသော်လည်းကောင်း မိမိနှစ်သက်ရာ ဝန်ဆောင်မှုမျိုုးကို ရွေးချယ်ငှားရမ်းနိုင်ပါသည်။

လာရောက်အပ်နှံလိုသော ကားပိုင်ရှင်များအတွက်လည်း စီစစ်၊ လက်ခံ ဆောင်ရွက်ပေးနေပါသည်။

Sales & Services Image